

လူသားသစ်ပင်
အသက် (၃၂) နှစ်အရွယ် ဒီဒီ ကိုဆာဝါ (လူသစ်ပင် လို့ အများကခေါ်သူ) ကမ္ဘာ့အထူးဆန်းဆုံးလူသားထဲက
တယောက်ပါပဲ။ သူဟာ တငါသည်တဦးဖြစ်ခဲပြီး အင်ဒိုနီးရှားနိုင်ငံအတွင်းက လူသူအရောက်အပေါက်
နည်းတဲ့ဒေသ မြို့ တော် ဂျာကာတာနဲ့  (၉၃) မိုင်ဝေးတဲ့ တတ်ဂျန်ဂျာရာ ဆိုတဲ့ ဒေသမှာကြီးပြင်းခဲ့သူတဦးပါ။
သူ့ ရဲ့ ခြေတောက်တွေ လက်တွေမှာ သစ်ကိုင်းလိုအမျိုးအမည်မသိအခက်အလက်တွေထွက်လာနေခဲ့
တာကိုခံနေခဲ့ရပြီး သူဆယ်ကျော်သက်အရွယ်ကတည်းက သည်ရောဂါကိုရခဲ့တဲ့အတွက် အနှစ် (၂၀)
ကျော်ကြာမျှ ကမ္ဘာ့ဆရာဝန်လောကမှာ သူနဲ့ ပတ်သက်ပြီး ဦးနှောက်ခြောက်စရာဖြစ်နေခဲ့ပါတယ်။
အချို့ က Warts (ကြွက်နို့ အသားမာ) တွေလို့ ကင်ပွန်းတပ်ကြပြီး အချို့ ကတော့ Human Papiloma
Virus (HPV) (low immune deficiency – ခန္ဒကိုယ် ကိုယ်ခံစွမ်းအားကျဆင်းလျှော့နည်းမူ) လို့ 
ယူဆခဲ့ကြပါတယ်။
သဂတ်စ် ၂၀၀၈ မှာတော့ သူ့ ကို US မှာခေါ်ယူခွဲစိတ်ကုသခဲ့ပါတယ်။ (၁၃) ပေါင်ရှိတဲ့ အခက်အလက် တွေကိုသူ့ ခန္ဒာကိုယ်ပေါ်ကနေ ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆက်လက်ကြီးထွားနေတဲ့အခက်
အလက်တွေကို ၂၀၀၉ မှာ ထပ်မံဖြတ်တောက်ပြီးတဲ့နောက် ပညာရှင်ဆရာဝန်တွေရဲ့ အဆိုအရ
သည်ရောဂါကို ရပ်တန့် သွားအောင်မလုပ်နိုင်ဘူးလို့  စိတ်မကောင်းစွာသိရပါတယ်။
(အနာသိရင်ဆေးရှိတယ်လို့ ဆိုကြတော့ – အနာမသိလို့ ဆေးမရှိတာများလားဗျာ)
၂၀၀၈ ခုနှစ်ခွဲစိတ်အပြီး
၂၀၀၉ ခုနှစ်ထပ်မံခွဲစိတ်ရန် ပြင်ဆင်မူ
http://mandalaygazette.com/မှကူးယူဖော်ပြသည်။


ပြတိုက်ဆိုဒ်မှ မြတ်ပုလဲဖြူ၏ပိုစ့်ကိုပြန်လည်တင်ပြပါသည်.............
အသားစားတဲ့ သစ်ပင်

August 17, 2009 ရက်နေ့ တွင် ဗြိတိသျှ သိပ္ပံပညာရှင်များဟာ ကြွက်ကိုဖမ်းယူစားသောက်နေတဲ့ အပင်တစ်မျိုးကို တွေ့ ရှိခဲ့တဲ့အကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ် ။ထို အသားစားအပင်ဟာ ရေတကောင်းပုံစံရှိပြီး ကြွက်၊ယုန်၊ရှဥ့် စတဲ့ သတ္တ၀ါတွေကို သူ့ ရဲ့  ရေတကောင်းခွက်ထဲ မရောက်ရောက်အောင် ဆွဲဆောင်ခေါ်ယူပြီး ရေတကောင်းထဲ ပြုတ်ကျတဲ့အခါမှ အထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးနဲ့  အစာကို ကြေညက်သွားစေတယ်လို့  ဆိုပါတယ် ။

ခုတွေ့ ရှိရတဲ့ အသားစားအပင်ကို Nepenthes attenboroughii လို့ အမည်ပေးထားပြီး ဒါဟာ အသက် ၈၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဇီဝဗေဒ ပညာရှင် Sir David Attenborough ကို ဂုဏ်ပြုတဲ့အနေနဲ့  သူ့ ရဲ့ အမည်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ် ။
ဒီလိုအသားစား အပင်နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ကားတစ်ကားကို Star Movies နှင့် 5 Movies တို့ မှာလည်း မကြာခဏ ပြသနေပါသေးတယ် ။ ဒီရုပ်ရှင်ဟာ ၁၉၈၆ က ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Little Shop of Horrors လို့ နာမည်ပေးထားပါတယ် ။
မြန်မာပြည်ကတောက်တက်ကြီး

အရှည် သုံးပေခွဲရှိ တောက်တဲ့ တကောင်အား ကျပ်သိန်းပေါင်း တသောင်း ခုနစ်ထောင်ဖြင့် အရောင်းအဝယ်ဖြစ်မှု စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်ဆည်ကျေးရွာ၌ အောက်တိုဘာလ ၃၀ ရက်နေ့က ဖြစ်ပေါ် ခဲ့ကြောင်း ပြည်တွင်းထုတ် ဆဲဗင်းဒေး သတင်းဂျာနယ်တွင် ပါရှိသည်။
“ကျောက်ဆည်ရွာက တောက်တဲ့တော့ မဟုတ်ဘူး။ အဲဒီရွာကိုယူပြီး အရောင်းအဝယ်ဖြစ်တာ တောက်တဲ့။ အရှည် က သုံးပေခွဲ ရှိတယ်။ အလေးချိန်က တပိဿာ လေးဆယ်ကျပ်သားရှိတယ်” ဟု မျက်မြင်သက်သေ တဦးကို ကိုးကား၍ ဂျာနယ်က ဖော်ပြသည်။
အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ ကုန်သည်တဦးမှ ကျပ်သိန်းပေါင်း တသောင်းဖြင့် ဝယ်ယူရန်အတွက် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း မန္တလေးတိုင်းဒေသခံ တောက်တဲ့ကုန်သည် တဦးက ပြောဆိုသည်။
ပုံနှင့်တကွ ဖော်ပြထားသော အဆိုပါ တောက်တဲ့အား တရုတ်ကုန်သည်များက ဝယ်ယူသွားခဲ့ခြင်းဖြစ်ကာ သုံးရက် လျှင် တကြိမ် အန်လေ့ရှိသည့် အန်ဖက်အား ဆေးဖော်ရာ၌ အသုံးပြုရန်ဟု ဆိုသည်။
“ကျပ်သိန်းပေါင်း တသောင်းပေးတာ မရောင်းလို့ သိန်းငါးသောင်း ပေးမယ် သွားကမ်းလှမ်းတော့ ရောင်းပြီးကြောင်း သိရတယ်” ဟု မန္တလေး ဒေသခံ တောက်တဲ့ကုန်သည်က ဆိုသည်။
တောက်တဲ့ အရောင်းအဝယ် ဈေးကွက်အတွက် ၂၅ ကျပ်သားအထက် ရှိသော တောက်တဲ့များကို ဆေးဖော်စပ်ရန်
အတွက် မန္တလေးမြို့အား အခြေစိုက်၍ လိုက်လံ ဝယ်ယူလျက် ရှိကြောင်းလည်း သိရသည်။
No comments:
Post a Comment