.: ကမ္ဘာကြီးနှင့် နီးကပ်စွာ ဖြတ်သွားနိုင်သည့် ကြီးမားသော ဂြိုဟ်သိမ် တစ်ခုတွေ့ရှိ

2005 YU 55 ဟုအမည် ပေးထားသည့် အဆိုပါ ဂြိုဟ်သိမ်မှာ လာမည့် အပတ် ကြာသပတေးနေ့ ဂရင်းနစ် စံတော်ချိန် ၂၃ နာရီ ၂၈ မိနစ်တွင် ကမ္ဘာ နှင့် မိုင် ၂၀၁,၀၀၀ အကွာမှ ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုလို ဖြစ်ရပ်မှာ လွန်ခဲ့သည့် ၁၉၇၆ ခုနှစ် နောက်ပိုင်းတွင် ယင်းကဲ့သို့သော ပမာဏ ရှိသည့် ဂြိုဟ်သိမ်တစ်ခု ကမ္ဘာကို ဖြတ်သန်း ခဲ့ပြီးနောက်တွင် ပထမဆုံး အကြိမ်အဖြစ် တွေ့နိုင်သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ကြောင်း အမျိုးသားသိပ္ပံ ဖောင်ဒေးရှင်းမှ နက္ခတ္တဗေဒ ပညာရှင် Scott Fisher မှ ပြောကြားခဲ့ကာ ယခုလို အခွင့်အခါသင့် ချိန်တွင် ရှားပါးလှသည့် အခွင့်အရေးကို အသုံးချရမည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ယခု ဂြိုဟ်သိမ်မှာ အချင်း ၁၃၁၂ ပေခန့် ရှိပြီး ယခုလို ဖြတ်သန်း သွားသော်လည် ကမ္ဘာနှင့် လတို့ကို ထိခိုက်နိုင်ခြင်း မရှိကြောင်း နာဆာရှိ ဒုံးပျံ စမ်းသပ်ရေး စခန်းမှ သိပ္ပံပညာရှင် Don Yeomans မှပြောကြားခဲ့သည်။ ယခုဂြိုဟ်သိမ်ကို အကောင်းဆုံး စောင့်ကြည့်နိုင်သည့် အချိန်မှ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်း အချိန် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း ကမ်းခြေတွင် မြင်ရနိုင်ကြောင်း သိရသည်။ YU 55 မှာ လွန်ခဲသည့် နှစ်ပေါင်း ထောင်ပေါင်း များစွာကလည်း ကမ္ဘာကို ဖြတ်သန်း ခဲ့ဖူးကြောင်း သိပ္ပံပညာရှင်များမှ ခန့်မှန်း ထားကြသည်။
No comments:
Post a Comment